Thursday, April 9, 2009

နောက်ခံဇာတ်လမ်း

၁၁၂၀ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ ညတွင် သဘောင်္ဖြူ အမည်ရှိ သင်္ဘောတစ်စင်းသည် အင်္ဂလန်သို့ စတင် ထွက်ခွာခဲ့ပြီး ပြင်သစ်နိုင်ငံ အနောက်မြောက်ပိုင်း ဘာဖလူယာ(Barfleur) တွင် သင်္ဘောပေါ်တွင် လိုက်ပါသူ အားလုံး နှင့်အတူ နစ်မြုပ်ခဲ့သည်။ ထိုသင်္ဘောမှာ ရေကြောင်းသွားလာရေးတွင် ခေတ်အမီဆုံး သင်္ဘောဖြစ်ပြီး ထိုခေတ်အခါက သင်္ဘောတည်ဆောက်သူတို့ သိရှိသမျှ ပစ္စည်းကိရိယာ အားလုံးကို တပ်ဆင်ထားသည်။ သင်္ဘောပေါ်တွင် ပါဝင်သော ထင်ရှား ကျော်ကြားသော ပုဂ္ဂိုလ်များကြောင့် ထိုသင်္ဘော ပျက်ရခြင်းမှာ ကျော်ကြားခဲ့သည်။ ထီးမွေ နန်းမွေကို ဆက်ခံမည့် ဘုရင်၏ သားတော်အပြင် မျိုးမစစ် တော်ဝင် မိသားစုဝင် နှစ်ယောက်၊ အားလ် နှင့် ဘေရွန် အချို့ နှင့် တော်ဝင် အိမ်တွင်းသားများ ပါဝင်သွားခဲ့ကြသည်။ သမိုင်းတွင် ထင်ရှားရခြင်း ၏ အကြောင်းမှာ ဟင်နရီ ဘုရင်အား ထီးမွေနန်းမွေ ဆက်ခံမည့်သူ မရှိဘဲ ကျန်ရစ်ခဲ့စေခြင်း ကြောင့် ဖြစ်ပြီး နောက်ဆုံး ရလာဒ်မှာ ထီးနန်း ဆက်ခံမည့် ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားခဲ့ကြခြင်း နှင့် ဟင်နရီဘုရင် သေဆုံးချိန်တွင် မင်းမဲ့ကာလများကို ပေါ်ပေါက်စေခဲ့သည်။

-- အေ. အယ်လ်. ပူးလ် ၊ Doemsday book to Magna Carta မှ

ဆက်ဖတ်ရန် (ပဏာမ)
မာတိကာသို့

No comments:

Post a Comment